လားရှိုးမြို့ရှိ ဆိုင်တစ်ဆိုင်တွင် ကြက်ဥတစ်လုံးကို ၅ ကျပ်ဖြင့် ရောင်းချပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ ဆိုင်တစ်ဆိုင်တွင် ကြက်ဥတစ်လုံးကို ၅ ကျပ်ဖြင့် ရောင်းချပေးမည်

.

လားရှိုးမြို့၊ ရပ်ကွက် (၁၀) တိုင်းရုံးလမ်းခွဲထိပ်၊ သူရလမ်းရှိ Lashio Flannel House ဆိုင်တွင် လာမည့် ဇူလိုင် ၂၇ ရက်၌ ကြက်ဥတစ်လုံးကို ၅ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

COVID-19 ကပ်ရောဂါ တတိယလှိုင်း ကူးစက်မှုနှုန်း များလာပြီးနောက် လားရှိုးမြို့တွင် ကြက်ဥဈေးအပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အများပြည်သူကို တစ်ဘက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ယခုလို ရောင်းချပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

.

လက်ရှိမှာ တချို့စျေးဆိုင်တွေက ကြက်ဥကို မတရား ဈေးတင်ပြီး ရောင်းချနေတာရှိတယ်။ အပြင်မှာတစ်လုံးကို ၂၀၀၊ ၂၅၀၊ ၃၀၀ ကျပ်အထိ ရှိတယ်။ တစ်ကယ်လို့ ဝယ်ချင်တောင်မှ ဈေးက မတရားကြီးတာလည်းပါတယ်။ ဒါကြောင့် တကယ် အခက်အခဲဖြစ်နေတဲ့ ပြည်သူလူထုတွေကို ကူညီချင်လို့ပါ။ ပြီးတော့ ပြည်သူဘက်ကနေ အလကားယူရတာလို့ မတွေးပဲ တစ်လုံး ၅ ကျပ် ဝယ်ရတာမျိုးပေါ့” ဟု Lashio Flannel House ဆိုင်မှ ကိုလင်းသူရက ပြောသည်။

.

ထိုသို့ ရောင်းချပေးရာတွင် ရောင်းချမည့် ပမာဏ အကန့်အသတ်ရှိပြီး တစ်အိမ်ထောင်စုလျှင် ၁၀ လုံးသာ ရောင်းပေးမည်ဖြစ်ကာ Lashio Flannel House ဆိုင်သည် KBZ Pay မှ ငွေသားထုတ်ယူလိုသူများအတွက် တစ်ရက်လျှင် တစ်ဦး ၅ သောင်းကျပ်အား ရာခိုင်နှုန်းမယူဘဲ ထုတ်ပေးနေသည့် ဆိုင်လည်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats