ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်စီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် ချင်းရွှေဟော်မြို့မှ ဝယ်ယူ လှူဒါန်းသည့် အောက်စီဂျင် (၄၀)လီတာအိုး ၆၀) လုံးသည် ယမန်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် နမ္မတူမြို့သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
နမ္မတူမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် မနန်းအေးအေးထွန်း ခေတ္တဂျပန်မှ အောက်ဆီဂျင် (၄၀)လီတာအိုး အလွတ် ၃၀ လုံး၊ Flow meter ၃၀ စုံအား လည်းကောင်း၊ တရုတ်လူမှုကူညီရေးအသင်းမှ အောက်ဆီဂျင် (၄၀)လီတာအိုး အလွတ် ၂၀ လုံး၊ Flow meter ၂၀ စုံနှင့် PPE ဝတ်စုံ ၁၂၀ စုံတို့အား မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းပိုင်အဖြစ်လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး၊ တရုတ်လူမှုကူညီရေးအသင်းမှ အောက်ဆီဂျင် (၄၀)လီတာအိုးအလွတ် ၁၀ အိုး၊ Flow meter ၁၀ စုံတို့အား မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းသို့ အငှားအဖြစ် လည်းကောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.
အလားတူ ကော်နာစတုန်းကုမ္ပဏီမှလည်း အောက်ဆီဂျင် (၄၀)လီတာအိုး ၈၀ အိုးအတွက် အောက်ဆီဂျင်အရည် ဖြည့်တင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
နမ္မတူမြို့နယ်တွင် ဇွန်လ ၁၆ ရက်မှ ဇူလိုင်လ ၂၄ ရက်ထိ COVID-19 ပိုးတွေ့လူနာ ၁၁၂ ဦး ရှိပြီး ယင်းအနက် ၅၂ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့် ရရှိကာ၊ ၃ ဦး သေဆုံးခဲ့ပြီး၊ ၅၇ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
◾စောဦး (ရတနာမြေ)
.
#KBZTai #Shan #Namatu