လားရှိုးမြို့၊ သီပေါလမ်းမကြီး၊ မြန်မာ့သစ်လုပ်ငန်းရှေ့တွင် ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းက ဖြတ်သန်းသွားလာ နေသော မြို့ခံပြည်သူများအား ရပ်ကွက်ထောက်ခံစာ ပါ/မပါ အဖွဲ့စုံဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.
လားရှိုးမြို့ကို Stay at Home သတ်မှတ်ထားသည့်အတွက် မြို့သူ/သားများအားလုံး မိမိတို့ နေအိမ်တွင်သာ နေထိုင်ရန် နှင့် မဖြစ်မနေ ဈေးဝယ်ထွက်ခြင်းကဲ့သို့ ဆောင်ရွက်ပါက ရပ်ကွက်ထောက်ခံစာ ယူဆောင်၍ တစ်အိမ်လျှင် တစ်ဦးသာ ထွက်ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စစ်ဆေးမှုကို လားရှိုးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်ပြီး ထောက်ခံစာမပါသူများကို စစ်ဆေးတွေ့ရှိပါက ရှေ့ဆက် သွားခွင့်မပြုဘဲ သက်ဆိုင်ရာရပ်ကွက် ထောက်ခံစာ ယူပြီးမှသာ အလိုရှိရာသို့ ဆက်လက်သွားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
.
လားရှိုးမြို့နယ်တွင် COVID-19 ကာလအတွင်း ယမန်နေ့ ဇူလိုင်လ ၁၉ ရက်အထိ ပိုးတွေ့အတည်ပြုလူနာ ၁၁၂၁ ဦး တွေ့ရှိခဲ့ပြီး လူနာ ၆၀၀ ကျော်မှာ ပြန်လည်သက်သာလာပြီဖြစ်ကာ သေဆုံးသူ ၈၀ ဦးခန့်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Lashio