.
လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင်
COVID-19 ရောဂါ ကူးစက်ခံရသူ
အရေအတွက် မြင့်မားလာသဖြင့် မြို့မဈေးအား ယနေ့ ဇူလိုင်လ ၂၃ ရက်မှ ဩဂုတ်လ ၁ ရက်အထိ
၁၀ ရက်ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မြို့မဈေး
ယာယီပိတ်ထားစဉ် ကာလအတွင်း ယာယီပျံကျဈေးအား နေ့စဉ် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီ
အထိ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
လင်းခေးခရိုင်
နှင့်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏
(၂၂-၇-၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်အရ ယင်းကဲသို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
.
လင်းခေးမြို့နယ်တွင်
ယနေ့ ဇူလိုင်လ ၂၃ ရက်အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၅၀ ဦး ရှိကြောင်း သိရသည်။
.
အယ်လ်စိုင်း(လင်းခေး)
.