ညောင်ရွှေမြို့နယ် အတွင်း၌ COVID-19 ကြောင့် လူစုလူဝေး မဖြစ်အောင် အားလုံးကြိုးစား နေရသည့် အချိန်အခါ ဖြစ်၍ သာရေး-နာရေး ကိစ္စများကို အတတ်နိုင်ဆုံး/အကျဉ်းဆုံး ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်က ဇူလိုင်လ ၂၁ ရက်တွင် မေတ္တာရပ်ခံထားသည်။
.
အဆိုပါ ညောင်ရွှေမြို့နယ် သံဃနာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ တိလောကဉာဏ၏ မေတ္တာ ရပ်ခံစာတွင် နေအိမ်သို့ သံဃာများ ပင့်ဆောင်ရန် လိုအပ်ပါက ၁ ပါး (သို့မဟုတ်) ၃ ပါး ပင့်ပြီး ကျောင်းသို့ ဆွမ်းပို့ လှူဒါန်းလျှင် အဆင်ပြေနိုင်ကြောင်းလည်း ဖော်ပြထားသည်။
.
ညောင်ရွှေမြို့နယ် အတွင်း၌ ဇွန်လ ၂၃ ရက်မှ ဇူလိုင်လ ၂၁ ရက်ထိ COVID-19 ပိုးတွေ့ အတည်ပြုသူ ၅၄၅ ဦးထိ တွေ့ ရှိထားပြီး ယင်းအနက် ၁၈ ဦး သေဆုံး၍ ၁၈၂ ဦး ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ကာ ၃၄၅ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Nyaunshwe