တောင်ကြီးမြို့ အခြေစိုက် သံလွင်သွေးချင်း သတင်းဌာနမှ သတင်းသမား ၃ ဦးသည် ဇူလိုင်လ ၂၀ ရက်၊ ည ၇ နာရီခန့်က အဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
.
သတင်းဌာန၏ အယ်ဒီတာချုပ် မြဝန်းရံနှင့် သတင်းထောက်များ ဖြစ်ကြသည့် နန်းခင်ဘုန်းသွယ်၊ မဆုမြတ်နိုးတို့ကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ၎င်းတို့၏ နေအိမ်၌ အဖမ်းဆီး ခံရခြင်း ဖြစ်သည်။
.
" ရဲတွေချည်းပဲ လာ ဖမ်းသွားတာ။ ကင်မရာ ၂ လုံး၊ Laptop နဲ့ ဖုန်း ၄ လုံးလည်း ယူသွားတယ်ဗျ။ သူတို့က ကျန်းမာရေး မကောင်းကြလို့ အိမ်မှာပဲ နေ နေကြတာ။" ဟု သံလွင်သွေးချင်း သတင်းသမားများနှင့် နီးစပ်သူ တစ်ဦးက အတည်ပြုသည်။
.
လက်ရှိတွင် ဖမ်းဆီးခံ သတင်းသမားများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။
.
ရှမ်းပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား စုစုပေါင်း ၈ ဦး ရှိလာပြီ ဖြစ်ပြီး ကျန် သတင်းသမားများမှာလည်း ဆက်လက် တိမ်းရှောင်နေကြရသည်။
.
#KBZTai #Shan #Thanlwintwaychin