မိုင်းယောင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်အချို့ ရေဝင်ရောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်အချို့ ရေဝင်ရောက်

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့၊ ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ယနေ့ နံနက်ပိုင်းက ရေဝင်ရောက်မှုဖြစ်ပွားလျက် ရှိကြောင်း သိရသည်

.




ယင်းကဲ့သို့ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းယောင်းမြို့၏ အနိမ့်ပိုင်းနှင့် ချောင်းဘေးရှိ ရပ်ကွက်အချို့၊ ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်ဒေ စသည့် အနိမ့်ပိုင်း ကျေးရွာများ၊ ဝမ်တောင်း၊ ကော့ခွယ်၊ လော့ငိုး စသည့် ချောင်းကမ်းနံဘေး ကျေးရွာများမှ လူနေအိမ်အတွင်းသို့ ရေဝင်ရောက်ခြင်း၊ ကျေးရွာလမ်းမ ရေဖုံးလွမ်းခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

မိုင်းယောင်း၌ မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းပါက အနိမ့်ပိုင်းနှင့် ချောင်းကမ်းဘေးရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်လေ့ရှိကြောင်း သိရသည်။



Journal Download

Photo of three cats