.
တောင်ကြီးမြို့နယ်၊
အေးသာယာမြို့တွင် ပြည်သူများ၏ အောက်စီဂျင်လိုအပ်ချက်များကို
ကူညီဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီး အများပိုင်အောက်စီဂျင်ဘဏ်တစ်ခု တည်ထောင်ရန်
ပြင်ဆင်လျက်ရှိကြောင်း အေးသာယာ အောက်စီဂျင်ဘဏ် ဖြစ်မြောက်ရေးကော်မတီထံက သိရသည်။
.
.အေးသာယာမြို့နေ
ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ပြီး အောက်စီဂျင် ဝယ်ယူစုဆောင်းမှုမျိုး မဖြစ်စေဘဲ
စိတ် အေးချမ်းစွာနေနိုင်ရန် အရန်သင့်ပြင်ဆင်ထားပေးမည့် အစီအစဉ်ဖြစ်ကာ Oxygen Bank for Aye Thayar + Zone
ဟု အမည်ပေးထားကြောင်း သိရသည်။
.
“အေးသာယာမှာ အောက်စီဂျင်ပြတ်လပ်မှုမဖြစ်ပေါ်စေဖို့
ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြို့မိမြို့ဖတွေ၊ မြိုကောင်းကျိုး လိုလားတဲ့လူငယ်တွေ
တိုင်ပင်ပြီး အောက်ဆီဂျင်ဘဏ်တစ်ခုတည်ထောင်ဖို ဆုံးဖြတ်လိုက်တာပါ။ ပြည်သူတွေ အနေနဲ့
စိုးရိမ်ထိတ်လန့်ပြီး ဝယ်ယူစုဆောင်းတာမျိုးမဖြစ်စေဖို့၊ စိတ်အေးအေးနေနိုင်ဖို့ အရန်သင့်ပြင်ထားပေးတဲ့သဘောပါ"ဟု
အောက်စီဂျင်ဘဏ်ဖြစ်မြောက်ရေးကော်မတီအဖွဲဝင် ကိုဝင်းနိုင်ဦးက ကမ္ဘောဇတိုင်းသို
ပြောသည်။
.
ယင်း အောက်စီဂျင်ဘဏ်
တည်ဆောက်ရန်အတွက် အများပြည်သူအလှုရှင်များထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း ၇၀ ခန့် ရရှိထားပြီး
အောက်ဆီဂျင်ကူညီရေးနှင့် အောက်ဆီဂျင်ဘဏ်ထိန်းသိမ်းရေးလုပ်ငန်းများကို Oxygen
Bank for Aye Thayar + Zone
Admin Team မှ
ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အေးသာယာမြို့ရှိ ရပ်ကွက် ၁၂ ခု အတွက် ၄၀
လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၆၀ ဝယ်ယူရန်ရည်မှန်းထားကြောင်း ၎င်းထံက သိရသည်။
.
အလားတူ မြို့တော်တောင်ကြီးတွင်လည်း
“081 အောက်စီဂျင်လှူဒါန်းခြင်း
(တောင်ကြီးမြို့)” အစီအစဉ်ဖြင့် တောင်ကြီးမြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ပြည်သူများ
COVID-19 ကပ်ရောဂါဆိုးကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုကို
ကယ်တင်နိုင်ရန်နှင့် နောင်တွင် အောက်စီဂျင်လိုအပ်ချက်များ ပြည့်မီစွာ ဖြည့်ဆည်းပေးရန်
ငွေကျပ် သိန်း ၁၂၀၀ ကျော် ကုန်ကျမည့် အောက်စီဂျင်ထုတ်စက်ရုံ တည်ဆောက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း
သိရသည်။
.