တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးသည် ယနေ့ ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့တွင် ကွယ်လွန်သွားကြောင်း သိရသည်။
.
ဦးလှမိုးသည် ကျန်းမာရေး မကောင်း၍ ဆေးကုသမှု ခံယူနေသည့်ကြားမှ ဒေသတွင်း အကျိုးပြုလုပ်ငန်းများကို နေ့ရော ညပါ အင်တိုက်အားတိုက် လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။
.
ဦးလှမိုး၏ တာချီလိတ်နာရေးကူညီမှုအသင်းမှာ ဒေသတွင်း နာရေး ကူညီမှုအပြင် လူနာများဆေးရုံ ဆေးခန်းသို့ ပို့ဆောင်ပေးခြင်းအတွက် ဒေသတွင်း လူထုနှင့် ဌာနဆိုင်ရာများ အားကိုးအားထား ပြုနေရသည့်အသင်း တစ်သင်းဖြစ်သည့်အပြင် မိုးမေတ္တာပရဟိတဂေဟာဖွင့်လှစ်ပြီး မိဘမဲ့ကလေးများ၊ သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းများကို စောင့်ရှောက်ပေးနေခြင်းသည်။
.