.
မိုင်းပျဉ်းမြို့နယ်၊
တာကောဟွေဟင် (၉) မိုင်ရွာနှင့်ဝန်းကျင်၌ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်က တောင်ကျရေတိုက်စားမှု
ကြောင့် တံတားတစ်စင်းနှင့် လမ်းပိုင်းပျက်စီးသွားသည့်အတွက် ယနေ့ ဇူလိုင်လ ၂၂ ရက်တွင်
ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိကြောင်း
သိရသည်။
.
“ဒီနေ့အထိတော့
သွားလာလို့ မရသေးဘူး။ နောက် တစ်ရက် နှစ်ရက်နေရင်တော့ ရလောက်ပြီကြားပါတယ်"ဟု
ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ပြောသည်။
.
မိုးရွာသွန်းပြီး
တောင်ကျရေတိုက်စားမှုကြောင့် တာကောဟွေဟင် (၉) မိုင်ရွာအနီး ပလောင်ကုန်းဆာတက်သည့်
တံတားမှာ ပျက်စီးသွားသည့်အပြင် ကျေးရွာအိမ်ခြေများအတွင်း
ရွှံ့နွံသစ်ပင်သစ်ကိုင်းအမှိုက်များဖြင့်စီးဝင်လာသည့် တောင်ကျရေ တိုက်စားခံရပြီး
လူ ၁၁ ဦးသေဆုံးသည်ဟု သိရသည်။
.
လူသေဆုံးမှုအရေအတွက်မှာ
ဒေသခံအချို့က လူမှုကွန်ယက်တွင် ဖေါ်ပြထားသည့်အရေအတွက်သာဖြစ်ပြီး သတင်းဌာနအနေဖြင့်
သီးခြားအတည်ပြုချက်ရထားခြင်းမရှိပါ။
.
Source – TachileikNewsAgency
.
Photo - Sai Arkar Smith
.