တာလေ နှင့် ကျိုင်းလပ်အသွား လမ်းပေါ်ရှိ ဝမ်ပိုင်းရွာတံတား တောင်ကျရေကြောင့် ကျိုးကျ ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာလေ နှင့် ကျိုင်းလပ်အသွား လမ်းပေါ်ရှိ ဝမ်ပိုင်းရွာတံတား တောင်ကျရေကြောင့် ကျိုးကျ ပျက်စီး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တာလေနှင့် ကျိုင်းလပ်အသွားလမ်းပေါ်ရှိ ဝမ်ပိုင်းရွာတံတားတွင် တောင်ကျရေကြောင့်  တံတားကျိုးကျသွားမှု ဇူလိုင်လ ၂၁ ရက်နေ့ အကူး နံနက် ၁ နာရီဝန်းကျင်အချိန်က ဖြစ်ပွားကြောင်း သိရသည်။

.




မိုးရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် တာလေနှင့် ကျိုင်းလပ်အသွား လမ်းပေါ်ရှိ မိုင်းလင်းအနောက်ကျေးရွာအုပ်စု ဝမ်ပိုင်းရွာတံတား  ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ အကူး နံနက် ၁ နာရီဝန်းကျင် အချိန်က ကျိုးကျသွားခြင်း ဖြစ်ပြီး ယာဉ်များသွားရန် အဆင်ပြေရေး မိုးလင်းပါက လုပ်ဆောင်သွားမည်ဟု သိရသည်။
.
"မနက် လင်းရင်တော့ ယာယီသွားလို့ရအောင် နဲ့ တံတားအမြန်ပြီးစီးရေးအတွက် လမ်းဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်"ဟု တာချီလိတ်မြို့မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နံနက် ၄ နာရီခွဲကျော်က  ပြောသည်။
.
ကျိုးကျသွားသည့် တံတားသည် တာလေ နှင့် ကျိုင်းလပ်မြို့သွားလမ်းပေါ်တွင်ရှိပြီး နေ့စဉ် ယာဉ်များဖြတ်သန်းသွားနေရသည့် တံတားတစ်ခုဖြစ်သလို တာလေမြို့မှ (၃)ကီလိုနှင့် (၄)ကီလိုအကြားသာ ကွာဝေကြောင်း သိရသည်။
.
မိုးရာသီ ကာလများတွင် တာလေနှင့် ကျိုင်းလပ်မြို့အကြား လမ်းမကြီးပေါ်ရှိ တံတားများမှာ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် ကျိုးကျ ပျက်စီးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
.

Journal Download

Photo of three cats