ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အာဏာသိမ်းစစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည် ပြောင်းရွေ့လိုက်ကြောင်း ယနေ့ မေလ ၅ ရက်က ကြေညာခဲ့သည်။
ယခင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပြောင်းရွေ့ခဲ့ပြီးနောက် ယခုတွင် စစ်ကောင်စီက ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်း၍ ခန့်အပ်ရသည်။