တောင်လေးလုံး COVID-19 စစ်ဆေးရေးဂိတ်နှင့် Quarantine Center များ ပြန်လည်ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်လေးလုံး COVID-19 စစ်ဆေးရေးဂိတ်နှင့် Quarantine Center များ ပြန်လည်ဖွင့်လှစ်မည်


.

COVID-19 တတိယလှိုင်း ကာကွယ်ရေးအတွက် တောင်ကြီးမြို့နယ်အတွင်းရှိ တောင်လေးလုံးကျေးရွာ COVID-19 ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် Quarantine Center များကို ဧပြီလ ၂၆ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.



.

COVID-19 ရောဂါ ပထမလှိုင်းကာလ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကတည်းက အဆိုပါ တောင်လေးလုံး COVID-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ‌ဖေဖော်ဝါရီလဆန်းပိုင်းတွင် ယင်း တောင်လေးလုံးဂိတ်အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ကျန်းမာရေးစစ်ဆေးရေး ဂိတ်များ၊ Quarantine Center များကို ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

.

ယခုအခါ အိမ်နီးချင်း နိုင်ငံများတွင် COVID-19 ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး ပြည်တွင်း ၌လည်း ရောဂါပိုး ကူးစက်ခံရသူများ ရှိလာနေသည့်အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats