ကျိုင်းတုံတွင် လူငယ် ၂ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် လူငယ် ၂ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်

.

ကျိုင်းတုံမြို့တွင် ယမန်နေ့ ဧပြီလ ၆ ရက်က လူငယ် ၂ ဦးကို စစ်ကောင်စီ၏ လက်နက်ကိုင် ရဲနှင့်စစ်သားက အကြောင်းမဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

.


.

ဖမ်းဆီးခံရသူ ၂ ဦးမှာ ကိုဖြိုးဝေစိုးနှင့် ကိုစောကျော်သူရ တို့ဖြစ်ပြီး ဖမ်းဆီးသည့် အကြောင်းရင်းကို မသိရှိရသေးချေ။

.

ကိုဖြိုးဝေစိုးကို ကျိုင်းတုံမြို့ ပါလျှံဘုန်းကြီးကျောင်းတန်းလျားရှိ ၎င်းအလုပ်လုပ်နေသည့် ကုန်စုံဆိုင်တွင် ဧပြီလ ၆ ရက်နေ့ နေ့လယ် ၂နာရီခွဲဝန်းကျင်အချိန်က လည်းကောင်း၊ ကိုစောကျော်သူရကို ယင်းနေ့ ည ၉ နာရီခန့်က ၎င်း၏ နေအိမ်၌ လည်းကောင်း အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်‌ကြောင်း သိရသည်။

.

Source - MeKong News

.

Journal Download

Photo of three cats