.
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရုံး မီးလောင်စဉ်က ကူညီမီးငြှိမ်းသတ်ပေးခဲ့ရာမှ ဖမ်းဆီးခံရသူ တစ်ဦး ဖမ်းဆီးခံထားရစဉ်အတွင်း ကျဆုံးခဲ့ပြီး ယနေ့ ဧပြီလ ၆ ရက်တွင် အလောင်းလာထုတ်ရန် မိသားစုအား အကြောင်းကြားခဲ့သည်ဟု သိရသည်။
.
.
ပြီးခဲ့သည့် ဧပြီလ ၄ ရက် ည ၇ နာရီခွဲခန့်က ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကိုအောင်ပိုင်ထွေး သည် ရပ်ကွက်နေပြည်သူများနှင့်အတူ ကူညီမီးငြှိမ်းသတ်ပေးရာ စစ်ကောင်စီမှ ၎င်းအား ပုဒ်မ ၁၄၄ ဖြင့်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထိုသို့ဖမ်းဆီးခံရပြီး ၂ ရက်အကြာ ယနေ့ ဧပြီလ ၆ ရက်တွင် ကိုအောင်ပိုင်ထွေး အလောင်းအားလာထုတ်ရန် မိသားစုအကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.