ကော်ဖီမစ် အပါအဝင် စားသောက်ကုန် အချို့ကို နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့် မပြုတော့ကြောင်း အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကော်ဖီမစ် အပါအဝင် စားသောက်ကုန် အချို့ကို နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့် မပြုတော့ကြောင်း အသိပေး

.

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် လာမည့် မေလ ၁ ရက်မှ စတင်၍ ကော်ဖီမစ်မျိုးစုံ အပါအဝင် စားသောက်ကုန် အချို့ကို နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းခွင့် မပြုတော့ကြောင်း တာချီလိတ် မြို့နယ် အကောက်ခွန်ဦးစီးဌာနက တာချီလိတ် ကုန်သည်များအသင်းနှင့် အကောက်ခွန်လုပ်ငန်းများဆိုင်ရာ ဝန်ဆောင်မှု အသင်းသို့ အကြောင်းကြားထားသည်ဟု သိရသည်။

.



.

တင်သွင်းခွင့် ကန့်သတ်ခဲ့သည့် စားသောက်ကုန်များမှာ အချိုရည်မျိုးစုံ၊ ကော်ဖီမစ်/တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ/နို့စိမ်းတို့ ပါဝင်ကြောင်း သိရသည်။

.

အဆိုပါ စားသောက်ကုန်များကို မေလ ၁ ရက်မှ စတင်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့်ကို ယာယီခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ အခြေခံစားသောက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းခွင့်မပြုဘဲ ပင်လယ်ရေကြောင်းမှသာ ပြောင်းလဲ တင်သွင်းခွင့်ပြုလိုက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျပြီး စားသောက်ကုန်များ ဈေးနှုန်း ပိုမို မြင့်တက်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

.

အလားတူ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး မြဝတီအခြေစိုက် ကုန်သည်များထံသို့လည်း အဆိုပါ ညွှန်ကြားချက်ကို ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး တစ်နေရာအား တွေ့မြင်ရစဉ်

.

Journal Download

Photo of three cats