.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီမှ တရားစွဲဆိုထားသော အမှုများနှင့် ပတ်သက်၍ ယနေ့ ဧပြီလ ၂၂ ရက် ရုံးချိန်းတွင် အင်တာနက် မရရှိဟု ဆိုကာ ရုံးမထုတ်ဖြစ်သေးကြောင်း သိရသည်။
.
.
သို့သော် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၌ စွဲဆိုထားသည့် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(ဂ) အမှုတွင် လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ရှေ့နေပါဝါကို တရားရုံးက လက်ခံခဲ့ကြောင်း သိရသည်။
.
ယနေ့ ရုံးချိန်း၌ တရားရုံးတွင် ဝိုင်ဖိုင်အင်တာနက် မရရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား Video Conferencing ဖြင့် မစစ်ဆေးခဲ့ဘဲ ရှေ့နေပါဝါ တင်ခွင့်ရပြီး အမှုတွဲကူးခွင့်လည်း ရရှိထားပြီးဖြစ်သော်လည်း လတ်တလော မကူးရသေးသည့် အတွက် ထိုပုဒ်မဖြင့် စွဲဆိုရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း ရှေ့နေ ဒေါ်စန်းမာလာညွန့်က ပြောဆိုခဲ့သည်။
.
အဆိုပါ အမှုကို မေလ ၆ ရက်သို့ ထပ်မံချိန်းဆိုထားသည်ဟု သိရသည်။
.
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအပါအဝင် ပုဒ်များစွာဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
.