.
လားရှိုးမြို့၊ ရပ်ကွက် (၁)၊ ကံ့ကော်လမ်းရှိ အမှတ် (၄) တပ်မတော် စစ်သားစုဆောင်းရေး တပ်ဝင်း အတွင်း ယနေ့ ဧပြီလ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်က လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
.
.
ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။
.
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက် (၅) အုပ်ချုပ်ရေးမှူးရုံးဘေးရှိ ရဲကင်းနှင့် ရပ်ကွက် (၁)၊ နယ်မြေ (၉) ရှိ တပ်အငြိမ်းစားနေအိမ်တို့တွင်လည်း ဗုံးပစ်ဖောက်ခံရပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရသည်။
.
ထို့ပြင် ရပ်ကွက် (၄) ရှိ ရဲရိပ်သာကိုလည်း လက်လုပ်မိုင်းဖြင့် ပစ်ဖောက်ခံခဲ့ရဖူးကြောင်း သိရသည်။
.
Source - Shwe Phee Myay News Agency
.