.
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအတွင်း ယနေ့ ဧပြီလ ၁ ရက်၊ ညနေ ၆ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးအသံကျယ် ၃ ချက် ကြားရကာ ဗုံးဖြင့်လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း အနီးနေသူများက ပြောဆိုနေကြသည်။
.
.
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို အမြန်ဆုံးပိတ်ထားလိုက်ပြီး ရုံးပတ်လည်တစ်လျှောက် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
.
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ပျက်ဆီးမှု ရှိမရှိကို လတ်တလောတွင် မသိရနိုင်သေးချေ။
.
ယင်းဖြစ်စဉ်ကြောင့် ယနေ့ ညတွင် တာချီလိတ်မြို့တွင်း ထွက်သမျှကို ဖမ်းဆီးမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
.
Source - Tachileik News Agency
.