.
မြန်မာနိုင်ငံအတွင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူများအား ယနေ့ မတ်လ ၁၃ ရက်တွင် အာဏာသိမ်းစစ်ကောင်စီ၏
လက်နက်ကိုင်များက အကြမ်းဖက် ဖြိုခွင်း၊ သတ်ဖြတ်၊ ဖမ်းဆီးခဲ့မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက်
ကြေကွဲဝမ်းနည်းစရာ နောက်တစ်နေ့ဖြစ်ကြောင်း UN Myanmar ရုံးက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု
သိရသည်။
.
မန္တလေးမြို့
အပါအဝင် အခြားနေရာများတွင် လုံခြုံရေးတပ်ဖွဲ့များက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်ဟု
သတင်းများရရှိခဲ့ပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ယင်းကဲ့သို့အကြမ်းဖက်မှုကို
လက်မခံနိုင်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို အရေးယူသင့်ကြောင်း
ရှင်းရှင်းလင်းလင်းပြောကြားထားပြီးဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ယနေ့
မတ်လ ၁၃ ရက်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်အသီးသီးမှ စစ်အာဏာရှင်ဆန့်ကျင်ရေး
ဆန္ဒပြမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် မန္တလေးမြို့မှ
၅ ဦး၊ ရန်ကုန်မြို့မှ ၁ ဦးနှင့် ပြည်မြို့မှ ၁ ဦးတို့ သေဆုံးခဲ့ရပြီး ဖေဖော်ဝါရီလ
၈ ရက်မှ ယနေ့ မတ်လ ၁၃ ရက်အထိ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် သေဆုံးသူ စုစုပေါင်း
၇၉ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။
.