တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)တပ်ဖွဲ့သည် လားရှိုးမြို့ပြင်ရှိ မယ်ဟန်နှင့်လွယ်လွမ့်ကျေးရွာသို့ ယနေ့ မတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
.
အဆိုပါ TNLA တပ်ဖွဲ့သည် လမ်းမကြီးပေါ်ရှိ ယာဥ် အသွားအလာများကို စစ်ဆေး မေးမြန်းမှုအချို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
"သူတို့က ဘာမှ မလုပ်ဘူး။ အလေး ပြုပြီးတော့ မေးတယ်။ စစ်ကားတွေ တွေ့ခဲ့သေးလားလို့ မေးတယ်။ မတွေ့ဘူးလို့ ပြောတော့ ကျွန်တော့်ကို သွားခိုင်းတယ်။ လမ်းမကြီးတစ်လျှောက် သူတို့အပြည့်ပဲ" ဟု TNLA တပ်ဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ယာဥ်မောင်း တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ TNLA တပ်ဖွဲ့များ လာရောက်သည်ဟူသော သတင်းများအရ တပ်မတော်ဘက်ကလည်း အင်အား အများအပြားဖြင့် နေ့လယ်ပိုင်းတွင် မယ်ဟန်ရွာအတွင်း လုံခြုံရေး ယူထားခဲ့ကြောင်း သိရသည်။
.
လက်ရှိတွင် ဆိုင်အချို့ ပိတ်ထားသော်လည်း တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်မှု မရှိဘဲ တပ်မတော်ဘက်က လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။