တောင်ကြီးတွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ကားဖြင့်လိုက်သည့်အတွက် ယာဉ်တိုက်မှုဖြစ်ကာ တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ကားဖြင့်လိုက်သည့်အတွက် ယာဉ်တိုက်မှုဖြစ်ကာ တစ်ဦး သေဆုံး

.

မြို့တော်တောင်ကြီးမြို့တွင် ယနေ့ မတ်လ ၁၇ ရက် နံနက်က အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ဆိုင်ကယ်တစ်စီးအား ကားဖြင့်လိုက်ရာ မောင်းနှင်ထွက်ပြေးသည့် ဆိုင်ကယ်မှ အမျိုးသား ၂ ဦးကို တိုက်မိပြီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

.


.

အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက လက်သုံးချောင်း ထောင်ပြသည့် မော်တော်ဆိုင်ကယ်အား ကားဖြင့် လိုက်တိုက်ရာ အဆိုပါ ဆိုင်ကယ်မှ မောင်းနှင်ထွက်ပြေးစဉ် လမ်းလျှောက်လာသူ ၂ ဦးကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ဆိုင်ကယ်တစ်စီးက ရဲကားရှေ့မှာ လက်သုံးချောင်းထောင်ပြတော့ ရဲကားက လိုက်တယ်။ အဲဒီမှာ သူတို့က မောင်းပြေး တော့ ဘူဒိုဇာကားကို ရှောင်လိုက်တဲ့အချိန်မှာ လမ်းလျှောက်နေတဲ့သူ ၂ ယောက်ကို တိုက်မိတာပါ။ တစ်ယောက်က ဆုံး သွားတယ်လို့ ပြောပါတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့တွင် ပြုလုပ်နေသည့် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုများကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက် ပစ်ခတ်၊ ဖမ်းဆီး၊ နှိမ်နင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats