တောင်ကြီးတွင် အာဏာသိမ်းမှု အလိုမရှိကြောင်း ၃၆ ရက်ဆက် ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အာဏာသိမ်းမှု အလိုမရှိကြောင်း ၃၆ ရက်ဆက် ဆန္ဒပြ

.
မြို့တော်တောင်ကြီးတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အကြမ်းဖက် ဖြိုခွဲမှုများ ရှိနေသော်လည်း ယနေ့ မတ်လ ၁၄ ရက်တွင် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒပြမှုကို ၃၆ ရက်မြောက်အဖြစ် ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.


.
ဆန္ဒပြ ပြည်သူများသည် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တွင်း လမ်းသွယ်များ၌ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဝန်ထမ်းများ CDM ပါဝင်ရေး၊ ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရန် စသည့်ကြွေးကြော်သံ/ဆိုင်းဘုတ်များဖြင့် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။
.
ထို့အပြင် တောင်ကြီးမြို့ပေါ်တွင် နေ့စဉ် နေ့လယ်ပိုင်း၌ ‌မော်တော်ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်မှုများ၊ ည ၈ နာရီတွင် သံပုံးတီး ဆန္ဒထုတ်ဖော်ခြင်း၊ နေအိမ်များအတွင်းမှ ကြွေးကြော်ဆန္ဒထုတ်ဖော်ခြင်းတို့ကိုလည်း ပြည်သူများက နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats