အကြမ်းဖက် ဖြိုခွဲခဲ့ရ​သည့် တောင်ကြီးတွင် အာဏာသိမ်းမှု အလိုမရှိ​ကြောင်း ဆန္ဒ ဆက်ပြ​နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အကြမ်းဖက် ဖြိုခွဲခဲ့ရ​သည့် တောင်ကြီးတွင် အာဏာသိမ်းမှု အလိုမရှိ​ကြောင်း ဆန္ဒ ဆက်ပြ​နေ

ကမ္ဘောဇတိုင်း

.

မြို့တော်တောင်ကြီးတွင် ယမန်နေ့ ဖေဖော်ဝါရီလ  ၂၈ ရက်က အကြမ်းဖက် ဖြိုခွဲခံရ​​သော်လည်း ယ​နေ့ မတ်လ ၁ ရက်တွင် စစ်အာဏာသိမ်းမှု အလိုမရှိ​ကြောင်း ဆန္ဒ ပြမှုကို လူအနည်းငယ်ဖြင့် ဆက်လက် ပြုလုပ်​ခဲ့ကြောင်း သိရသည်။

.

.

ဆန္ဒပြ ပြည်သူများသည် ​တောင်ကြီးမြို့၊ အ​နောက်မြို့ပတ်လမ်း အပါအဝင် မြို့တွင်း လမ်းသွယ်များ၌ စစ်အာဏာရှင် ဆန့်ကျင်​ရေး၊ ဝန်ထမ်းများ CDM ပါဝင်​ရေး၊ ဖမ်းဆီးခံရသူများ ပြန်လွှတ်​ပေးရန် စသည့် ​ကြွေး​ကြော်သံ/ဆိုင်းဘုတ်များဖြင့် ငြိမ်းချမ်းစွာ စီတန်း လမ်း​လျှောက်​ကြခြင်း ဖြစ်သည်။

.

​တောင်ကြီးမြို့တွင် ​ဖေ​ဖော်ဝါရီလ ၇ ရက်မှ စတင်၍ ဆန္ဒပြမှုကို ​နေ့စဥ်ရက်ဆက် ပြုလုပ်​နေခြင်း ဖြစ်ပြီး ​ဖေ​ဖော်ဝါရီလ ၂၈ ရက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲမှု​ကြောင့် ဒဏ်ရာ ရရှိသူအချို့ ရှိခဲ့​သော်လည်း ဖမ်းဆီးခံရသူ မရှိ​ကြောင်း သိရသည်။

.

[ဖမ်းဆီး ခံရသူများ ရှိပါက အတည်ပြုနိုင်ရန်အတွက် ဆက်သွယ်​ပေးကြပါရန် ​မေတ္တာရပ်ခံပါသည်။]


Journal Download

Photo of three cats