ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာသည် သျှမ်း(ရှမ်း)ပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) နှင့် တွေ့ဆုံမည်ဟု ယနေ့ မတ်လ ၆ ရက်တွင် ဒေါက်တာ ဆာဆာက ထုတ်ပြန်ထားသည်။
.
ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးရန် RCSS က စာရေး တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး " တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုမှုအတွက် RCSS ခေါင်းဆောင်များကို ကျေးဇူးတင်ပါတယ်။" ဟု ဒေါက်တာ ဆာဆာက ပြောဆိုထားသည်။
.
ဒေါက်တာ ဆာဆာသည် ယမန်နေ့ မတ်လ ၅ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း အပါအဝင် တာဝန်ရှိသူတို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။