RCSS နှင့် CRPH တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

RCSS နှင့် CRPH တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေး

သျှမ်း(ရှမ်း)ပြည် ပြည်လည်ထူထောင်ရေး ကောင်စီ(RCSS) ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်အဖွဲ့တို့သည် Online Video Conferencing ဖြင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

.



ယနေ့ မတ်လ ၉ ရက်၊ နေ့လယ်ပိုင်းတွင် ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး RCSS မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းဟန်၊ ဗဟိုကော်မတီဝင် စိုင်းလျဲန်းတို့ တက်ရောက်ပြီး NLD CEC အဖွဲ့ဝင်များ ဖြစ်သော ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦးတို့နှင့်အတူ CRPH မှ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်၊ စောယှားဖောင်ယွာတို့ တက်ရောက်ခဲ့ကြောင်း RCSS က ထုတ်ပြန်ထားသည်။

.

အစည်းအဝေးတွင် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်း အခြေအနေများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ဖြေရှင်းနိုင်မည့် နည်းလမ်း အမြင်များကို ဆွေးနွေးခြင်းနှင့် CRPH မှ လက်ရှိ ဆောင်ရွက်နေသည့် ၄င်းတို့၏ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်း၊ RCSS မှလည်း ၄င်းတို့ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats