လားရှိုးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် ဝန်ထမ်းများ CDM ပြုလုပ်ရေး လှုပ်ရှားမှု အဖြစ် ဒေသခံများက ယနေ့ မတ်လ ၁ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်း ခဲ့ကြကြောင်း သိရသည်။
.
ယင်းကဲ့သို့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူများမှာ မြို့မစျေးဘက်သို့ တိမ်းရှောင်ခဲ့သော်လည်း လိုက်ပါ ဖြိုခွဲမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ကြသူများကို အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံရသူ ၈ ဦးထိ ရှိခဲ့ကြောင်း သိရသည်။
.
📸 Shwe Phee Myan News