.
ကျောက်မဲမြို့၊ ဗဟိုဈေးကြီးအနီး၊
ပင်လုံလမ်းနှင့်သီရိမင်္ဂလာ လမ်းဆုံတွင် ယနေ့ မတ်လ ၁၃ ရက်၊ နံနက် ၁၁ နာရီ ခွဲ
အချိန်ခန့်က ဆန္ဒထုတ်ဖော်သူများအား ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး ၄ လုံးပစ်ဖောက်၍
လူစုခွဲခဲ့ကြောင်း သိရသည်။
.
ဆန္ဒထုတ်ဖော်မည့် ဒေသခံ အင်အား ၅၀ ခန့်သည် အမှတ် (၁)
ရပ်ကွက် ၊ ရုံးကုန်းမှ မြို့တွင်းသို့အဆင်း ဗဟိုဈေး အရောက်တွင်
လုံခြုံရေးတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့ရှိ ဆန္ဒထုတ်ဖော်သူများကို မတ်လ ၁၀
ရက်နေ့မှ စတင်၍ လူအစုမခံဘဲ အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက လိုက်လံဖြိုခွင်းခဲ့ပြီးနောက်
ကျောက်မဲမြို့တွင်း၌ လူအင်အား အမြောက်အများဖြင့် ဆန္ဒထုတ်ဖော်ခြင်းများ မရှိတော့ဘဲ
လူငယ်အချို့သာ ပျောက်ကြားစနစ်ဖြင့်
မြို့ပြင်နှင့်ရပ်ကွက်အတွင်း များ၌ ဆန္ဒ ထုတ်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။
.