တောင်ကြီးမြို့၊ Heart Rock Café ပိုင်ရှင် ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ Heart Rock Café ပိုင်ရှင် ဖမ်းဆီးခံရ

.

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းရှိ Heart Rock Café ပိုင်ရှင် ဦးသန်းဦးသည် ယနေ့ မတ်လ ၁၆ ရက်၊ ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။

.


.

“Heart Rock ပိုင်ရှင် ဖမ်းဆီးသွားတာ ဟုတ်ပါတယ်” ဟု ပြည်တော်သာရပ်ကွက်နေသူတစ်ဦးက ပြောသည်။

.

Heart Rock Café ပိုင်ရှင် ဦးသန်းဦးအား ယနေ့ မတ်လ ၁၆ ရက်၊ ညနေ ၅ နာရီခန့်က အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များမှ ၎င်း၏ဆိုင်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရသည့် အကြောင်းရင်းကို မသိရှိရသေးချေ။

.

စစ်အာဏာသိမ်းယူပြီးနောက် တောင်ကြီးမြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမြင့်ဌေး (ခ) ကိုဘယ်ကျော်၊ ပညာရောင်ခြည် ကိုယ်ပိုင်ကျောင်းမှ ဦးကြည်ရှိန်နှင့် ရှေ့နေ ဦးကျော်ဝင်းနိုင်တို့  ၃ ဦး တို့ကို ဖေဖော်ဝါရီလ ၉ ရက်တွင် လည်းကောင်း၊ ပြည်သူ့ပါတီမှ ဦးဝင်းကို ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင်လည်းကောင်း၊ ယခင် တောင်ကြီးခရိုင် NLD အတွင်းရေးမှူးဟောင်း ဦးညီညီရွှေအား ဖေဖော်ဝါရီလ ၂၀ ရက်တွင်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကာ ယခုအခါ ဦးသန်းဦးအား ထပ်မံဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် တောင်ကြီးမြို့ပေါ်တွင် နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေကြသည့် ပြည်သူများကိုလည်း ဖမ်းဆီး ထိန်းသိမ်းပြီး တရားစွဲဆိုမှုများလည်း ရှိနေကြောင်း သိရသည်။

.

Journal Download

Photo of three cats