.
Global Centre
for the Responsibility to Protect (GCR2P) အဖွဲ့က ကြေညာချက်အမှတ် (၂၄၄) ဖြင့် မြန်မာနိုင်ငံ
အား ရက်စက်ယုတ်မာသော နိုင်ငံအဖြစ် ဦးစားပေးအဆင့်အတန်း သတ်မှတ်ခဲ့ကြောင်း ယင်းအဖွဲ့၏
မတ်လ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
.
.
ထုတ်ပြန်ချက်တွင်
အာဖဂန်နစ္စတန်နိုင်ငံနှင့် တောင်ဆူဒန်နိုင်ငံတို့ကို ကျော်လွန်ကာ မြန်မာနိုင်ငံအား
ယင်းကဲ့သို့ အဆင့်အတန်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
.
မြန်မာ အာဏာသိမ်းစစ်ကောင်စီသည်
၎င်းတို့ကို ကန့်ကွက်ဆန္ဒပြနေသူများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ပြီးခဲ့သည့် မတ်လ
၁၄ ရက် တစ်ရက်တာအတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရပြီး ယင်းနေ့ကို သွေးစွန်းသည့်
တနင်္ဂနွေနေ့အဖြစ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက
ပြည်သူများ၏ ပိုင်ဆိုင်မှုများအား ဖျက်ဆီးခြင်း၊ ပရဟိတ ဆေးအဖွဲ့များအား တိုက်ခိုက်ခြင်းအပြင်
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ဘက်ဆိုင်ရာဥပဒေ (Martial Law) ပြဌာန်း၍
ဆန္ဒပြ သူများအား ခုခံချေပခွင့်မရှိသည့် စစ်တရားရုံးများဖြင့် စီရင်သွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ထားသည်။
.
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး
(OHCHR) က ဖေဖော်ဝါရီ ၁ ရက်မှ ယခုကာလအတွင်း
လူထု ၁၄၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဦးရေ ၂၀၀ အထိ သေဆုံးသူရှိနိုင်ကြောင်း၊ OHCHR အနေဖြင့် အနည်းဆုံး လူ ၅ ဦး ကို လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည်ကို
အတည်ပြုနိုင်ခဲ့ပြီး ၂ ဦးမှာ ပြင်းထန်စွာနှိပ်စက်ညှင်းပန်းခံရမှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်းနှင့်
နိုင်ငံရေးအကျဉ်းသားအဖြစ် အဖမ်းခံရသူ အနည်းဆုံး ၂၁၈၁ ဦး ရှိနေသည်ဟု ထုတ်ပြန် ချက်တွင်
ဖော်ပြထားသည်။
.
မြန်မာနိုင်ငံရှိ
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင်မူ ဖေဖော်ဝါရီလ
၁ ရက်မှ မတ်လ ၁၈ ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်
နှိပ်စက်ညှဉ်းပန်းမှုများကြောင့် သေဆုံးသူ ၂၂၄ ဦး ရှိခဲ့ပြီး တရားစွဲဆို၊ ထောင်ချ၊
ဖမ်းဆီးခံထားရသူ ၂၂၅၈ ဦး ရှိသည်ဟု ဖော်ပြထားသည်။
.
GCR2P အဖွဲ့သည်
အပတ်စဉ် ရက်စက်ယုတ်မာသော နိုင်ငံများ၏ ဦးစားပေးအဆင့်အတန်း စာရင်းကို ထုတ်ပြန်ပေး နေခြင်း
ဖြစ်ကြောင်း သိရသည်။
.