မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် EU စီစဉ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာစစ်တပ်အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် EU စီစဉ်

.

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် မြန်မာ စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သူ ၁၁ ဦးတို့ကို အရေးယူဒဏ်ခတ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်ရန် ဥရောပသမဂ္ဂ (EU) က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး က ပြောဆိုခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

.

.

သတ်ဖြတ်မှုတွေက မယုံကြည်နိုင်လေက်အေက် များပြားတယ်ကြေင့် ပိတ်ဆို့ဒဏ်ခတ်အရေယူမှုမပြုဖို့ ကျွန်တော်တို့ မရှောင်လွှဲနိုင်ပါဘူးဟု ဂျမန် နိုင်ငံခြားရေဝန်ကြီး Heiko Maas က ဘရပ်ဆဲလ်မြို့သို့ ရေက်ရှိစဉ် သတင်ထေက်များား ပြေဆိုခဲ့သည်

.

အဆိုပပိတ်ဆို့ဒဏ်ခတ်အရေယူမှုပြုမည့်သူ ၁၁ ဦးမှာ စစ်အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများနှင့် ဆန္ဒပြသူ များကို နှိမ်နင်းသူများ ပါဝင်ပြီး EU အစည်းအဝေးအပြီးတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

.

EU အနေဖြင့် မြန်မာစစ်တပ်အတွက် အခွန်နှင့် ငွေကြေးရရှိရေးအတွက် ထောက်ပံ့ပေးနေသည့် ကုမ္ပဏီအဖွဲ့အစည်း များကို ပစ်မှတ်ထား အရေးယူသွားရန် ရှိနေကြောင်း သိရသည်။

.

ကျွန်တေ်တို့အနေနဲ့ မြန်မလူထုကို ထိခိုက်နစ်နစေဖို့ မရည်ရွယ်ပဘူး။ ပေမဲ့ လူ့အခွင့်အရေကို ပြေင်ပြေင် တင်တင်ချိုဖေက်နေသူတွေအတွက် ဖြစ်ပတယ်ဟု Maas က ဆက်လက်ပြောဆိုခဲ့သည်။

.

အရေယူဒဏ်ခတ် ပိတ်ဆို့မှုတွင် မြန်မစစ်တပ်မှ အဓိက ဝင်လုပ်ကိုင်နေသည့် လုပ်ငန်စုကြီးများဖြစ်သော မြန်မာစီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့လည်း ပါဝင်မည်ဖြစ်ပြီး ယင်းကုမ္ပဏီများ၏ သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဟိုတယ်၊ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများလည်း ပါဝင်မည်ဖြစ်သည်ဟု သိရသည်။

.

ဘယ်ဂျီယမ်နိုင်ငံအခြေစိုက် ITUC နိုင်ငံတကာအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်နှင့် ဆွစ်ဇာလန်အခြေစိုက် UNI Global Union ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့မှလည်း မြန်မာစစ်ကောင်စီနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ် ၂၃ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ထားပြီး ယင်းစာရင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ၊ ချွေးမ သမီး ခင်သီရိသက်မွန်၊ ဗိုလ်ချုပ်ကြီးနေဝင်း၏မြေး အေးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက် မြန်မာနိုင်ဂရုဖ် ဦးထွန်းနိုင်ရွှေ၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဧဒင်အုပ်စုမှ ဦးချစ်ခိုင်၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ထူးကုမ္ပဏီ ဦးတေဇ၊ ရွှေသံလွင် ဦးကျော်ဝင်း၊ သူရဦးရွှေမန်း၏ သား ဦးအောင်သက်မန်း၊ ဦးအောင်သောင်း၏သား ဦးနေအောင်နှင့် ဦးပြည်အောင် တို့လည်း ပါဝင်သည်ဟု သိရသည်။

.

ထို့အပြင် စစ်ကေင်စီနှင့် ဆက်နွယ်မှုရှိနေသည့် ဘဏ်များကိုလည်း နိုင်ငံတကာဘဏ်များနှင့် အဆက်အသွယ် ဖြတ်တောက်ရန် ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားသည်။

.

Ref – Reuters

.

Journal Download

Photo of three cats