.
ရှမ်းပြည်နယ်အတွင်းရှိ
Civil Disobedence Movement (CDM) တွင် ပူးပေါင်းပါဝင်ကြသော ဝန်ထမ်း ၇၅၄ ဦးအတွက် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားပြုကော်မတီ (CRPH) နှင့် ခိုင်မြဲသောလက်များအဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၁၄ ရက်က
ငွေကျပ် ၁၁၁၁၅၀၀၀၀ ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.ထို့အပြင် ကယားပြည်နယ်
ကျန်းမာရေးဝန်ကြီးဌာနရှိ CDM တွင်ပူးပေါင်းပါဝင်ကြသော ဝန်ထမ်း ၅၅ ဦးအတွက် တစ်ဦးလျှင်
၁၀၀၀၀၀ ကျပ်နှုန်းဖြင့် ၅၅ သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့
ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာနရှိ ဝန်ထမ်း ၁၁၁ ဦးအတွက် ငွေကျပ် ၁၁၁ သိန်း၊ နေပြည်တော်
မြန်မာ့အာမခံလုပ်ငန်းရှိ ဝန်ထမ်း ၅၉ ဦးအတွက် ငွေကျပ် ၅၉ သိန်း၊ သမ္မတအိမ်တော်နှင့်
လွှတ်တော်အိတ်ချိန်း လက်အောက်ရှိ ဝန်ထမ်း ၁၀ ဦးအတွက် ငွေကျပ် ၁၀ သိန်း၊ စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊
ဗဟိုစာရင်းအင်းအဖွဲ့ရှိ ဝန်ထမ်း ၄ ဦးအတွက် ငွေကျပ် ၄ သိန်း၊ မန္တလေးတိုင်းဒေသကြီး ၊
စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရှိ
ဝန်ထမ်း ၃ ဦးအတွက် ငွေကျပ် ၃ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၃၅၃ သိန်း ၅ သောင်း အား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ
CRPH - CDM Supporting Team တာဝန်ခံမှများတဆင့် ကူညီပံ့ပိုးခဲ့ကြောင်း CRPH-CDM
Supporting Team က ထုတ်ပြန်ထားသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ
၁ ရက်က စစ်အာဏာ သိမ်းယူပြီးနောက် စစ်အာဏာရှင်၏ လက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်းမရှိသဖြင့်
နိုင်ငံဝန်ထမ်းများက အကြမ်းမဖက် အမိန့်အာဏာဖီဆန်ခြင်း CDM လှုပ်ရှားမှုတွင် ပါဝင်လာနေကြခြင်းဖြစ်ပြီး
CDM ဝန်ထမ်းအချို့ကို အာဏာပိုင်များက တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ဝန်ထမ်းနေအိမ် လိုင်းခန်းများတွင်
နေထိုင်သူများအား အတင်းအကြပ် ဖိအားပေးခြင်းများ ဆောင်ရွက်နေလျက်ရှိသည်။
.