ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယနေ့ မတ်လ ၃ ရက်က
CDM ဝန်ထမ်းများအား ပထမဆုံးအကြိမ်အဖြစ် တစ်ပိုင်တစ်နိုင် ထောက်ပံ့ငွေများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
“နိုင်ငံတော်အတွက် တာဝန်ကျေပွန်တဲ့ ရွှေညောင်မြို့က ပြည်သူဝန်ထမ်း
CDM သူရဲကောင်း ၆၅ ဦးကို ဂုဏ်ပြု ထောက်ပံပေးတာပါ။ နောက်ထပ်လည်း အစီအစဥ်ရှိတယ်”
ဟု ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
.
ထိုသို့ ထောက်ပံ့ရာတွင် CDM ဝန်ထမ်းတစ်ဦးလျှင်
ဆန် ၁၂ ပြည်အိတ် တစ်အိတ် နှင့် ဆီတစ်ပိဿာ စုပေါင်း ကူညီပေးနိုင်ခဲ့သည်ဟု သိရသည်။
.