နည်းပညာတက္ကသိုလ်(တောင်ကြီး)မှ ဆရာ/ဆရာမနှင့် ဝန်ထမ်း ၆၉ ရာခိုင်နှုန်းကျော်သည် Civil Disobedience Movement (CDM) တွင် ပါဝင်ပြီး ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျောင်းရှိ ဆရာ/ဆရာမနှင့် ဝန်ထမ်း စာရင်းရှိ ၁၅၉ ဦးအနက် ၁၁၀ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၉ ဒဿမ ၁၈ သည် CDM တွင် ပါဝင်ပြီး ဖြစ်ကြောင်း တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက မတ်လ ၄ ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ဌာနအလိုက် ဝန်ထမ်းများသည် CDM တွင် သီးခြားစီ ပါဝင်နေကြခြင်း ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် အဆင့်မြင့်ပညာရေး ဝန်ထမ်းများမှာ CDM ပြုလုပ်မှု အများဆုံး ဖြစ်ကာ ယခုရက်ပိုင်းအတွင်း၌ ရဲတပ်ဖွဲ့ဝင်များလည်း CDM တွင် ပါဝင်လာလျှက် ရှိသည်။