.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့်
ကလေးဆေးရုံတို့တွင် CDM ပြုလုပ်သူ ဝန်ထမ်း ၃၈၀ ခန့် ရှိကြောင်း သိရသည်။
.
.
“CDM ဝန်ထမ်းက အမျိုးသမီးနဲ့ ကလေးဆေးရုံမှာ
၁၈၀ လောက် ရှိတယ်။ စဝ်စံထွန်းက ၂၀၀ လောက် ရှိပါတယ်။ ဒါက အကြမ်းဖျဉ်းပေါ့။ ဒီဘက် (အမျိုးသမီးနဲ့
ကလေးဆေးရုံ) က ၁၈၀ မှာ ၁၀၀ လောက်ကတော့ အခြေခံဝန်ထမ်း ပေါ့။ အဲဒီလောက်ပဲ ပြောပြလို့
အဆင်ပြေပါတယ်” ဟု တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ အမည်မဖော်လိုသူတစ်ဦးက
ပြောသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က စစ်အာဏာ သိမ်းယူပြီးနောက်
စစ်အာဏာရှင်၏ လက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်းမရှိသဖြင့် နိုင်ငံဝန်ထမ်းများက
အကြမ်းမဖက် အမိန့်အာဏာဖီဆန်ခြင်း CDM လှုပ်ရှားမှုတွင်
ပါဝင်လာနေကြခြင်းဖြစ်ပြီး CDM ဝန်ထမ်းအချို့ကို အာဏာပိုင်များက
တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ဝန်ထမ်းနေအိမ် လိုင်းခန်းများတွင် နေထိုင်သူများအား
အတင်းအကြပ် ဖိအားပေးခြင်းများ ဆောင်ရွက်နေလျက်ရှိသည်။
.