ရှမ်းပြည်နယ်ဥပဒေချုပ် ပြည်သူနှင့်အတူ CDM တွင် ပါဝင်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ဥပဒေချုပ် ပြည်သူနှင့်အတူ CDM တွင် ပါဝင်လာ

.

ရှမ်းပြည်နယ်ဥပဒေချုပ် အဖြစ် စစ်ကောင်စီ၏ တာဝန်ပေးခန့်အပ်ခြင်းခံရသူ ဦးတင်ဦးသည် ပြည်သူနှင့်အတူ ပူးပေါင်းကာ အကြမ်းမဖက်အာဏာဖီဆန်မှု (Civil Disobedence Movement) ပါဝင်လျက်ရှိကြောင်း သိရသည်။

.



.

“စစ်ကောင်စီက သူ့ကိုခန့်ပြီး သိပ်မကြာခင်ပဲ CDM လုပ်သွားတာပါ။ အခုတော့ လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။ အဆက်အသွယ် မရတာ ကြာပါပြီ” ဟု ဦးတင်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ် ၁၄ ဦးတို့ကို အာဏာသိမ်း စစ်ကောင်စီက မတ်လ ၄ ရက်တွင် အမိန့်အမှတ် (၁၀၂/၂၀၂၁) ဖြင့် တာဝန်ပေး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

.

ဦးတင်ဦးသည် ရှမ်းပြည်နယ်ဥပဒေချုပ်အဖြစ် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းစဉ်က ခေတ္တဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ရက်ပိုင်းအကြာတွင် ပြန်လည်လွတ်မြောက်လာပြီး မတ်လ ၄ ရက်တွင် စစ်ကောင်စီမှ ရှမ်းပြည်နယ်ဥပဒေချုပ်အဖြစ် ပြန်လည်ခန့်အပ် ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

.

Journal Download

Photo of three cats