ရွှေညောင်တွင် CDM ဝန်ထမ်းများအတွက် ဒုတိယအကြိမ် ဂုဏ်ပြုကူညီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်တွင် CDM ဝန်ထမ်းများအတွက် ဒုတိယအကြိမ် ဂုဏ်ပြုကူညီ

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယနေ့ မတ်လ ၂၀ ရက်၊ နေ့လယ်ပိုင်းက နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်း ၇၀ ဦးအတွက် ဒုတိယအကြိမ်အဖြစ် ဂုဏ်ပြုကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.




.

ထိုသို့ ဂုဏ်ပြုကူညီရာတွင် CDM ဝန်ထမ်းတစ်ဦးလျှင် ဆန် ၁၂ ပြည်တစ်အိတ်၊ ဆီတစ်ပိဿာ၊ ကြက်ဥ တစ်ကတ်၊ ကြက်သွန်နီ တစ်ပိဿာ၊ မာလာဟင်းတစ်ထုပ်နှင့် ဂုဏ်ပြုငွေကျပ် ၁၀၀၀၀ တို့ကို စေတနာရှင်ပြည်သူများ၏ စုပေါင်း အားဖြင့် ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် မတ်လ ၁၃ ရက်ကလည်း ရွှေညောင်မှ CDM ဝန်ထမ်း ၆၅ ဦးအတွက် ဂုဏ်ပြုကူညီပေးခဲ့ပြီး ယခု ဒုတိယ အကြိမ် ကူညီမှုတွင် တိုးလာသည့် ဝန်ထမ်းများအတွက် ကူညီပံပိုးမှု ပိုမိုလုပ်ဆောင်လာနိုင်ခဲ့သည်ဟု ကူညီရေးအဖွဲ့ ထံက သိရသည်။

.

Journal Download

Photo of three cats