ကမ္ဘောဇတိုင်း
.
ညောင်ရွှေမြို့နယ်မှ
CDM ဝန်ထမ်း
၃၂ ဦးအား ညောင်ရွှေ CDM ထောက်ပံ့ရေးအဖွဲ့က ယနေ့ မတ်လ ၂ ရက်တွင်
ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
စစ်အာဏာရှင်တိုက်ဖျက်ရေး၊
ဒီမိုကရေစီရှင်သန်ရေးကို ဦးတည်သော နွေဦးတော်လှန်ရေး၏ အဓိက မဏ္ဍိုင် တစ်ရပ်ဖြစ်သည့်
Civil Disobedience
Movement (CDM) တွင်တက်ကြွစွာ၊ တာဝန်ကျေပွန်စွာ လှုပ်ရှားပေးကြသော
ညောင်ရွှေမြို့နယ် သူရဲကောင်းဝန်ထမ်းများအနက်မှ ပထမအသုတ်အနေဖြင့် CDM ဝန်ထမ်း ၃၂ ဦးကို ဂုဏ်ပြုထောက်ပံ့ငွေ ပထမအရစ်အဖြစ် တစ်ဦးလျှင် ၇၀၀၀၀ ကျပ်
နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၂ ဒသမ ၄ သိန်းကို ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း ထောက်ပံ့ရေးအဖွဲ့
ထံက သိရသည်။
.
“မနေ့က
စပေးတာပါ။ နောက်ထပ်ရရှိလာမယ့်အပေါ်မူတည်ပြီး ဆက်ပေးသွားမှာပါ။ စာအိတ်တွေနဲ့လိုက်ပေးတာပါ။
ကျန်ခဲ့တဲ့ CDM ဝန်ထမ်းတွေရှိရင် Viber၊ မက်ဆင်ဂျာ၊
ဖုန်းတွေနဲ့ဆက်သွယ်နိုင်ပါတယ်” ဟု ထောက်ပံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
.
ကျန်
CDM လှုပ်ရှားမှုတွင်
ပါဝင်နေသည့် ပြည်သူ့ဝန်ထမ်းများအတွက်လည်း အမြန်ဆုံးဂုဏ်ပြုကူညီပေးနိုင်ရန် Support
Nyaung Shwe အဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကူအညီလိုအပ်လျက်ရှိသော
ဝန်ထမ်းများ အနေဖြင့် Support Nyaung Shwe Page Message Box သို့လည်းကောင်း
ဖုန်းနံပါတ် ၀၉၇၇၈၇၅၂၅၇၅ သို့ ဖုန်း သို့မဟုတ် Viber ဖြင့်လည်းကောင်း
ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
.