.
တောင်ကြီးမြို့တွင် ယနေ့ မတ်လ ၂၀ ရက် နေ့လယ်ပိုင်းက နိုင်ငံ့တာဝန်ကို
ကျေပွန်စွာ ထမ်းဆောင်နေသော CDM ဝန်ထမ်း ၁၂၀ ဦးအတွက် အခြေခံစားသောက်ကုန်နှင့်
ငွေသားများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
.
ထိုသို့ ထောက်ပံ့ရာတွင် CDM ဝန်ထမ်း ၁၂၀ ဦးတို့အတွက် အခြေခံစားသောက်ကုန်နှင့်
လူသုံးကုန်ပစ္စည်းများ ဖြစ်သော ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်ထုပ်၊
ဆပ်ပြာမှုန့်နှင့် ငွေသား ကျပ် ၁၀ သိန်းတို့ကို ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထောက်ပံ့မှုကို စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက
ထောက်ပံ့ပေးခြင်းဖြစ်ပြီး တောင်ကြီးတွင် ပထမဆုံးအကြိမ် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း
သိရသည်။
.