.
တာချီလိတ်မြို့ရှိ သတင်းရဲတပ်ဖွဲ့၊ အမှတ် (၁၆) တပ်ဖွဲ့ခွဲ (နယ်စပ်ဒေသ)
မှ ရဲတပ်သားတစ်ဦးသည် ပြည်သူနှင့်အတူ ပူးပေါင်းကာ အကြမ်းမဖက်အာဏာဖီဆန်မှု (Civil Disobedence
Movement) လုပ်ဆောင်လိုကြောင်း ယနေ့ မတ်လ ၁၆ ရက်တွင် အထက်ဌာနများသို့ တင်ပြခဲ့သည်ဟု
သိရသည်။
.
.
အမှတ် (၁၆) တပ်ဖွဲ့ခွဲ (နယ်စပ်ဒေသ) မှ ရဲတပ်သား ဇာနည်ထွန်းသည် စစ်ကောင်စီမှ
ပြည်သူများအပေါ် မတရား သဖြင့် လက်နက်အားကိုးပြီး အနိုင်ကျင့်နေမှုများအပေါ် မကျေနပ်သဖြင့်
စစ်ကောင်စီမှ မတရားအမိန့်ပေး စေခိုင်းခြင်း များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ
လုံးဝ မလိုက်နာနိုင်သည့်အတွက် ယင်းကဲ့သို့ CDM လှုပ်ရှားမှုတွင် ပါဝင် ခြင်းဖြစ်ကြောင်း
၎င်း၏ တင်ပြစာတွင် ဖော်ပြထားသည်။
.
တာချီလိတ်မြို့တွင် ကျန်းမာရေး၊ ပညာရေး၊ စည်ပင် အပါအဝင် ဌာနဆိုင်ရာ
ဝန်ထမ်းစုစုပေါင်း ၇၀၀ ကျော် CDM တွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ပညာရေးနှင့် ကျန်းမာရေးဌာန
ဝန်ထမ်းများမှာ CDM အများဆုံးဖြစ်ကြောင်း သိရသည်။
.