ရှမ်းပြည်နယ်အတွင်း CDM ဝင်ရောက်သည့် ရဲတပ်ဖွဲ့ဝင် ၆၀ ဦးရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း CDM ဝင်ရောက်သည့် ရဲတပ်ဖွဲ့ဝင် ၆၀ ဦးရှိ

အာဏာသိမ်းယူပြီးနောက် နိုင်ငံဝန်ထမ်းများမှ တပ်မတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြသည့် အနေဖြင့် CDM (Civil Disobedience Movement) တွင် ပါဝင်လုပ်ဆောင်လာလျက်ရှိရာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ ရဲတပ်ဖွဲ့ဝင်ဦးရေ ၆၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

.



အဆိုပါ CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် ရဲတပ်ဖွဲ့ဝင်များမှာ တောင်ကြီးမြို့နယ်မှ ၈ ဦး၊ ဆီဆိုင်မြို့နယ်မှ ၄ ဦး၊ ပင်လောင်းမြို့နယ်မှ ၁ ဦး၊ ဖယ်ခုံမြို့နယ်မှ ၄၂ ဦးနှင့် လားရှိုးမြို့နယ်မှ ၁ ဦး၊ ညောင်ရွှေမြို့နယ်မှ ၁ ဦး၊ ကလောမြို့နယ် မှ ၁ ဦးနှင့် သီပေါမြို့နယ်မှ ၂ ဦးတို့ဖြစ်ကာ စာရင်းတွင် မပါရှိသေးသူများလည်း ကျန်ရှိနိုင်ကြောင်း သိရသည်။

.

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်အများစုသည် ရာထူးနုတ်ထွက်ခြင်းမရှိဘဲ အာဏာဖီဆန်မှုတွင် ပါဝင်လာကြခြင်းဖြစ်ပြီး ရာထူးမှ အပြီးပိုင်နုတ်ထွက်သူများလည်း ရှိကြောင်း သိရသည်။

.

စစ်အာဏာရှင်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် နိုင်ငံဝန်ထမ်းများက အကြမ်းမဖက် အမိန့်အာဏာဖီဆန်ခြင်း CDM လှုပ်ရှားမှုတွင် ပါဝင်လာနေကြခြင်းဖြစ်ပြီး CDM ဝန်ထမ်းအချို့ကို အာဏာပိုင်များက တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ဝန်ထမ်းနေအိမ် လိုင်းခန်းများတွင် နေထိုင်သူများအား အတင်းအကြပ် ဖိအားပေးခြင်းများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats