​တောင်ကြီးမြို့မှ CDM ဝန်ထမ်း ၂၈ ဦးကို TGI CDM Foundation က ဂုဏ်ပြု ​ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​တောင်ကြီးမြို့မှ CDM ဝန်ထမ်း ၂၈ ဦးကို TGI CDM Foundation က ဂုဏ်ပြု ​ထောက်ပံ့

တောင်ကြီးမြို့​ပေါ်မှ CDM ဝန်ထမ်း ၂၈ ဦးကို TGI CDM Foundation က ယခု ရက်ပိုင်းအတွင်း သီးခြားစီ ဂုဏ်ပြု ​ထောက်ပံ့မှုများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

.



CDM ဝန်ထမ်း  ၂၈ ဦး အတွက် စုစု​ပေါင်း ​ငွေကျပ် ၁၂၈၇၀၀၀ ​ကို ယင်း​ဖောင်​ဒေးရှင်းက လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး အမှန်တကယ် အကူအညီ လိုအပ်သည့် ​အောက်​ခြေဝန်ထမ်းများကို အဓိကထား၍ ​ထောက်ပံ့ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

" နိုင်ငံသား တစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်ကပါဝင်ချင်လို့ စေတနာ အရင်းခံပြီး စတဲ့ foundation လေး ဖြစ်ပါတယ်။ ကိုယ်ကျိုးအတွက် မကြည့်ဘဲ နိုင်ငံအကျိုးအတွက် တာဝန် ကျေချင်လို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ပါဝင်တာ ဖြစ်ပါတယ်။ CDM Heros အခက်အခဲ ဖြစ်နေတဲ့လူတွေကို နည်းနည်းလေး ဖြစ်ဖြစ်  အဆင်ပြေစေချင်လို့ Team ဖွဲ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။" ဟု ​Tgi CDM Foundation မှ အဖွဲ့ဝင် တစ်ဦးက ရည်ရွယ်ချက်အား က​မ္ဘောဇတိုင်းသို့ ​ပြောသည်။

.

​ဖောင်​ဒေးရှင်း ရှိသည်ကို သိရှိသူ နည်းပါးမှု​ကြောင့် လက်ရှိတွင် အလှူ​ငွေ ရရှိ​ နေ​သေး​သည့်အတွက် ဒုတိယအကြိမ် ထပ်မံလှူဒါန်းရန် အခက်အခဲ ရှိ​​နေ​သော်လည်း အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည် ဖြစ်​ကြောင်းနှင့် ဝန်ထမ်းများ အ​နေဖြင့်လည်း CDM တွင် ပါဝင်ကြရန် ​ဖောင်​ဒေးရှင်း အဖွဲ့ဝင် Gen Z များက ​ဆိုသည်။

.

​အဆိုပါ TGI CDM Foundation သို့ ဆက်သွယ် လှူဒါန်္းမှုများ ပြုလုပ်လိုပါက https://www.facebook.com/Tgi-CDM-Foundation-106952331440192/ မှ တဆင့် ဆက်သွယ် ​ဆောင်ရွက်နိုင်​​ကြောင်း သိရသည်။

Journal Download

Photo of three cats