.
တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ဆက်သွယ်ထားသည့်
လမ်းသွယ်များအား ယနေ့ မတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် ပြည်သူများက ပိတ်ဆို့မှုများ ပြုလုပ်ထားကြောင်း
သိရသည်။
.
.
ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပြန်လည်ဖွင့်လှစ်ပေးရေးနှင့် အရေးတော်ပုံနှင့်
ပတ်သက်၍ ပြည်သူများ သွေးမအေး ကြစေရေးအတွက် သတိပေးလိုသည့်သဘောဖြင့် ယင်းကဲ့သို့ လမ်းသွယ်များကို
ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၏ အလယ် BOC လမ်းဆုံမှ မြသုခမီးပွိုင့်လမ်းဆုံအထိ
လမ်းပိုင်းကို အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်များက ပိတ်ဆို့ထားပြီး တောင်ကြီး-အေးသာယာ
အတက်လမ်း၊ တောင်ကြီး-ဟိုပုံး လမ်းအပါအဝင် တောင်ကြီးမြို့အဝင်လမ်းများကိုလည်း လက်နက်ကိုင်များက
နေ့စဉ် အချိန်ပိုင်းအလိုက် ပိတ်ဆို့မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ အဖွဲ့တွေက လုပ်တာတော့ မဟုတ်ပါဘူး။ စိန်ပန်းရဲ့ အရေးအကြောင်းကြောင့်
ပြည်သူတွေက လုပ်ထားတာ ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နေ လူငယ်တစ်ဦးက ပြောသည်။
.
ယမန်နေ့ မတ်လ ၁၆ ရက်၊ ညပိုင်းက စိန်ပန်းရပ်ကွက်အတွင်း စစ်အာဏာသိမ်းကောင်စီ၏
လက်နက်ကိုင် အဖွဲ့များက အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများ ပြုခဲ့သည့်အတွက် ရပ်ကွက်နေလူထုနှင့်
လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
.