.
အာဏာသိမ်းစစ်ကောင်စီ၏
ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏
ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ယမန်နေ့ မတ်လ ၁၇ ရက်တွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်ဟု
သိရသည်။
.
.“အားလုံး ပြန်လွတ်လာပါပြီ။
ပြန်ရောက်ပါပြီ။ ပြည်နယ်၊ ခရိုင်အဆင့် အားလုံး ပါပါတယ်။ ထူးထူးခြားခြား စစ်ဆေး မေးမြန်းတာမျိုးတော့
မရှိပါဘူး။ ပုံမှန်ပါပဲ” ဟု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ တောင်ကြီးမြို့နယ် ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့်
ပတ်သက်၍ အတည်ပြုချက် ရရှိနိုင်ရန် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်
အတွင်းရေးမှူးထံသို့ ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။
.
ရှမ်းပြည်နယ်အတွင်းရှိ
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို ပြီးခဲ့သည့်
ဖေဖော်ဝါရီလ ၁၀ ရက်က အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.