​အောင်ပန်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​အောင်ပန်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေ

.

အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

.

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက ဆန္ဒပြနေသူများအား ပစ်ခတ်ဖြိုခွင်းခြင်းမျိုး မဟုတ်ဘဲ အောင်ပန်း မြို့တွင်းရှိ ပိတ်ဆို့ထားသော အတားအဆီးများကို ဖယ်ရှားကာ မြို့တွင်း၌ အကြမ်းဖက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးတွင် ရော်ဘာကျည် ထိမှန်ဒဏ်ရာရရှိထားပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၃ ဦးခန့်ရှိကြောင်း သိရသည်။

.

ထပ်မံ ဒဏ်ရာရရှိမှုနှ့င် ဖမ်းဆီးထိန်းသိမ်းခံရမှု အခြေအနေများကို မသိရှိရသေးချေ။

.

Journal Download

Photo of three cats