စစ်အာဏာသိမ်းမှု ၅၇ ရက်အတွင်း ကျဆုံးပြည်သူ ၅၁၀ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အာဏာသိမ်းမှု ၅၇ ရက်အတွင်း ကျဆုံးပြည်သူ ၅၁၀ ရှိလာ

အာဏာသိမ်းမှု ၅၇ ရက်အကြာမြန်မာ့နွေဦး တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ စုစုပေါင်း ၅၁၀ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ခဲ့သည်။

.



AAPP မှ ကောက်ယူခဲ့‌သည့် အဆိုပါ စာရင်းသည် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၂၉ ရက်အထိ စစ်အာဏာသိမ်းမှု ၅၇ ရက်အတွင်း မှတ်တမ်းပြုစုထားခြင်း ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများဟာ ယခုထက် ပို များနိုင်ကြောင်းလည်း ဖော်ပြထားသည်။

.

ထို့အတူ ဖမ်းဆီးချုပ်နှောင် ခံထားရသူ စုစုပေါင်း ၂၅၇၄ ဦး ရှိနေပြီ ဖြစ်ကာ ယင်းအနက် ၃၇ ဦးမှာ ထောင်ဒဏ် ချမှတ် အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရသည့်အတွက် တိမ်းရှောင်နေသူ ၁၂၀ ဦးနှင့် ယခု ရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူများလည်း ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။         

.

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)အနေဖြင့် လက်ရှိ အခြေအနေမျကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေလျက်ရှိရာ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူစာရင်းကို နေ့စဉ် ထုတ်ပြန်နေခြင်း ဖြစ်သည်။

.

အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ် ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသူ ဝန်ထမ်းများ စသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆို ခံထားရခြင်းအား သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားရန်လည်း AAPP ကအသိပေးထားသည်။

.

ထို့အပြင် ဥပဒေပိုင်းဆိုင်ရာ အကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats