ကျောက်မဲမြို့၊ အမှတ်(၁) ရပ်ကွက် ၊ ကံ့ကော်လမ်းပေါ်၌ ပြည်သူ ၁၀၀ ဦးခန့်သည် ယနေ့ မတ်လ ၁ ရက်၊ ညနေ ၅ နာရီခန့်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဒီမိုကရေစီ ပြန်လည် ရရှိရေး တိုက်ပွဲအတွင်း လှုပ်ရှားမှု အရေးတော်ပုံ၌ ကျဆုံးခဲ့ကြရသည့် ပြည်သူများအတွက် ရည်ရွယ်၍ဘမေတ္တာပို့ ဆုတောင်းခြင်းနှင့် မဟာပဌာန်း ရွတ်ဖတ် သရဇ္ဈာယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
.
ကျောက်မဲမြို့မှ ပြည်သူများသည် စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုအနေဖြင့် ဖေဖေါ်ဝါရီ ၈ ရက်မှစ၍ ယနေ့အထိ နေ့စဉ် ၂၂ ရက် ဆက် စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ခြင်း၊ ကျဆုံးသွားသည့် ပြည်သူများအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည့်အပြင် ယနေ့တွင် ပဌာန်းရွတ်ဖတ် သရဇ္ဈာယ်ခြင်းကိုပါ ပထမဦးဆုံးအကြိမ် အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။