လားရှိုးမြို့ရှိ ကားဂိတ်တစ်ခုတွင် ဗုံးပစ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ ကားဂိတ်တစ်ခုတွင် ဗုံးပစ်ခံရ

.

လားရှိုးမြို့၊ ရပ်ကွက် (၁၀)၊ ကျောက်စိမ်းလမ်းရှိ ကားဂိတ်တစ်ခုတွင် ယနေ့ မတ်လ ၁၅ ရက်၊ ည ၈ နာရီကျော်ခန့်က သံပုံးတီးနေစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

.


.

ထို့သို့  လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ကားဂိတ်အဆောက်အဦ အမိုးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

.

“လူတွေ သံပုံးတီးနေတဲ့အချိန် ကားတစ်စီးနဲ့လူတွေ ဂိတ်ရှေ့ ရောက်လာပြီး ဗုံးနဲ့ပစ်လိုက်တာ။ ခေါင်မိုးပေါ် ကျတော့ ​ကျောက်ခဲပဲ ထင်နေတာ။ လူထိခိုက်တာတော့ မရှိဘူး။ ဂိတ်အမိုးတော့ ပျက်စီးသွားတယ်ဟု ယင်းကားဂိတ်အတွင်း ရှိနေသူတစ်ဦးက ပြောသည်။

.

ဗုံးပစ်သူများသည် ဖိုးဝီးစစ်ကားတစ်စီးနှင့်အတူ စစ်ဝတ်စုံ ဝတ်ဆင်လာသူများဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရှိရကြောင်းနှင့် စွန်းလွန်းကျောင်းသွားလမ်းတွင်လည်း ဗုံးတစ်ချက် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

.

Source – Shwe Phee Myay

.


Journal Download

Photo of three cats