.
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် စုဝေးနေသည့် ပြည်သူများကို အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့များက ယနေ့ မတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင် အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်ခြင်းကြောင့် အနည်းဆုံး ပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ အကြမ်းဖက်မှုကြောင့် ပြည်သူ ၇ ဦးခန့်တွင် ရာဘာကျည် ထိမှန် ဒဏ်ရာ၊ ၁ ဦးတွင် ဦးခေါင်းကွဲ ဒဏ်ရာများ ရရှိခဲ့သည့် အပြင် ပြည်သူ ၁ ဦးကိုလည်း စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့သည် ဆန္ဒပြပြည်သူများကို အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့လည်း ဝင်ရောက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
.