လားရှိုးတွင် ပေါက်ကွဲမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် ပေါက်ကွဲမှုဖြစ်ပွား

.

လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နားမခေါ်၊ နတ်ရေကန်လမ်းသွယ် (၉) ရှိ နေအိမ်တစ်လုံးတွင် ယနေ့ မတ်လ ၂၃ ရက်၊ ညနေ ၄ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ပေါက်ကွဲမှုဖြစ်ပွားသည့် နေအိမ်မှာ တပ်အငြိမ်းစားတစ်ဦးဖြစ်သည့် ဦးသန်းတင်၏ နေအိမ်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရရှိသေးချေ။

.

ယမန်နေ့ မတ်လ ၂၂ ရက်ကလည်း လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ ရဲရိပ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats